ဘာစွမ်းဆောင်ချက်မှ ဟုတ်တိပတ်တိမရှိသေးတဲ့ လူက ကိုယ့်အတ္ထုပတ္တိကို ရေးသားထုတ်ဝေတယ်ဆိုတာ ကိုယ့်သဘောအလျောက် ဘောင်းဘီချွတ်ပြီး လူရှေ့ထွက်ရပ်ပြတာနဲ့တူတယ်။
ပန်းသီးကြွေကျတာကို မြင်တာတောင် ကောက်စားဖို့သတိမရှိအောင် တွေဝေနေတဲ့သူဟာ နယူတန်ဆိုပြီး သိပ္ပံပညာရှင်ကြီးဖြစ်သွားတယ်။ ကောင်းရော။
မိန်းမနှစ်ယောက်ရှိလို့ တစ်ယောက်ကိုရွေးရခက်နေတယ်ဆိုရင် တတိယတစ်ယောက်ကို ရွေးလိုက်ပါ။
အချစ်ခံရတဲ့လူဖြစ်ဖို့ လှဖို့လိုတယ်။ လှတဲ့လူဖြစ်ဖို့ အချစ်ခံရဖို့လိုတယ်။
အသက် ၇၀ အရွယ်မှာ ၁၈ နှစ်သမီးကို လက်ထပ်တယ်ဆိုတာ သူငယ်ချင်းတွေ ဖတ်ပြမှာပဲဆိုပြီး စာအုပ်ဝယ်တဲ့ မျက်ကန်းနဲ့တူတယ်။
မြန်မာ့ဇာနယ်ဇင်း လောက အံ့မခန်းတိုးတက်လာလိုက်တာ စာမတတ်တဲ့လူတွေတောင် အယ်ဒီတာ ဖြစ်နေပါပေါ့လား။
ကိုက်စရာ ပါးစပ်ပေါက်မပါတဲ့ နဂါးဟာ တီကောင်နဲ့ ဘာမှမခြားဘူး။
၁၆ နှစ်အောက် ကလေး လူကြီးတွေးမတွေးရ။
ကျွန်တော်တို့ရေးတဲ့စာတွေက ရေနဲ့တူတယ်။ တစ်ကယ့်စာရေးဆရာကြီးတွေ ရေးတဲ့စာတွေက အကောင်းစားပြင်သစ်ဝိုင်တွေနဲ့ တူတယ်....ဒါပေမယ့် ရေကို လူတိုင်းသောက်ကြတယ်။
အပျော်ဖတ်စာပေဆိုတာ ပြည့်တန်ဆာလိုပဲ။ လူတိုင်းက ရှုံ့ချကြတယ်။ ဒါပေမယ့် မကင်းနိုင်ကြဘူး။
ဘ၀မှာ မှားခဲ့သမျှ အမှားတွေကို အမှန်ဖြစ်အောင် ပြင်ချင်တယ်ဆိုရင်တော့ အတ္တုပတ္တိသာ စရေးပေတော့။
စာရေးဆရာအချို့ဟာ မူကြိုအရွယ်ကလေးငယ် တွေလိုပဲ၊ စာကိုရေးတော့ ရေးတတ်တယ်၊ ပြန်မဖတ်တတ်ဘူး။
ဟားခလုတ်(၃) မှ
5 comments:
မှန်လိုက်လေ... သဘောကျစွာ ဖတ်ရှုသွားပါသည်။ :D
အင်္ဂွဟူးရေ..
မရောက်တာကြာပေါ့..။
အစ်မတော့ အပြင်းစားဝိုင်ထက် တခါတခါ ရေဖြစ်ရတာ ကောင်းသလားလို့ (ကျွန်တော်တို့ရေးတဲ့စာတွေက ရေနဲ့တူတယ်။ တစ်ကယ့်စာရေးဆရာကြီးတွေ ရေးတဲ့စာတွေက အကောင်းစားပြင်သစ်ဝိုင်တွေနဲ့ တူတယ်....ဒါပေမယ့် ရေကို လူတိုင်းသောက်ကြတယ်။)
ရေကြိုက်သူ..
အရမ်းကောင်းတဲ့ မှတ်စုလေးပဲ Like :)
တစ်ကယ်ဒသနလေးတွေပဲအကို...မိုက်တယ်...:):)
ဒိုင်ကြောင်နဲ့ ရပ်နေတာ ကြာပြီနော်။ ဟင်းးးးး
ခင်မင်လျက်
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။