Monday, February 6, 2012

“အရောင်နှင့်တကွ မုသားများ”

             

သူတို့လိမ်နေကြတယ်...ခေါင်းစဉ်က “ မင်းစိတ်ချမ်းသာဖို့အတွက်” တဲ့.... ။


သူတို့ လိမ်နေကြတယ်...မုသား အနီတွေ ပါတယ်...။

သူတို့ လိမ်နေကြတယ်...မုသား အနက်တွေ ပါတယ်...။


သူတို့ တိုင်ပင်မထားပဲ အတူလိမ်ကြတယ်...။


သူတို့ တစ်ယောက်တစ်မျိုး လိမ်နေကြတယ်...။


သူတို့ ပြောတော့ ငါ့စိတ်မဆင်းရဲဖို့အတွက်...။


သူတို့ ငါ့အပေါ်စေတနာ ထားကြတာပဲ...။


သူတို့ စေတနာကိုလေးစားလို့ ငါ့ဘ၀ကို ရင်းပြီးယုံလိုက်တယ်...။


ဘယ်တော့မှ ငါ့မျက်လုံးပြန်မဖွင့်တော့ဘူး။



အင်္ဂါဟူး 
6.2.2012 
Monday 6:19 PM

5 comments:

Crystal said...

တခါတလေ မျက်လုံးနဲ့ မကြည့်ပဲ
အသံနဲ့ ခံစားပြီး
အမှန်စင်စစ် ဟုတ်မဟုတ်
ခံစားကြည့်မိတဲ့အခါတွေလည်း ရှိသေးတယ် :D

ရွှေဘုန်း(စေတနာပန်းခင်း) said...

တစ်စုံတစ်ခုသော ရသကို ခံစားလိုက်ရတယ်...ဘယ်လို ရသမျိုးလည်း ဆိုတာတော့ အတိအကျ မပြောတတ်ပြန်ဘူး...

kyawsitt said...

သန်းစိန်

yun said...

ဟုတ်လား

witch83 said...

အလိမ်ခံရတာနဲ့ ပတ်သတ်ပြီး ခံစားချက် ပြင်းပြင်းရှိနေပုံရတယ်။ ဒါနဲ့ စကားမစပ် ဒီဘလော့လည်း ဖုန်တက်နေတာ တော်တော်ကြာပြီနော်။ :)

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More