Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, February 6, 2012

“အရောင်နှင့်တကွ မုသားများ”

             

သူတို့လိမ်နေကြတယ်...ခေါင်းစဉ်က “ မင်းစိတ်ချမ်းသာဖို့အတွက်” တဲ့.... ။


သူတို့ လိမ်နေကြတယ်...မုသား အနီတွေ ပါတယ်...။

သူတို့ လိမ်နေကြတယ်...မုသား အနက်တွေ ပါတယ်...။


သူတို့ တိုင်ပင်မထားပဲ အတူလိမ်ကြတယ်...။


သူတို့ တစ်ယောက်တစ်မျိုး လိမ်နေကြတယ်...။


သူတို့ ပြောတော့ ငါ့စိတ်မဆင်းရဲဖို့အတွက်...။


သူတို့ ငါ့အပေါ်စေတနာ ထားကြတာပဲ...။


သူတို့ စေတနာကိုလေးစားလို့ ငါ့ဘ၀ကို ရင်းပြီးယုံလိုက်တယ်...။


ဘယ်တော့မှ ငါ့မျက်လုံးပြန်မဖွင့်တော့ဘူး။



အင်္ဂါဟူး 
6.2.2012 
Monday 6:19 PM

Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

Thursday, February 24, 2011

မဟူရာ အလှူရှင်


ငါတို့က မရှိလို့မလှူ မလှူလို့မရှိတာတွေကို
လက်မခံပါဘူးလို့ တွင်တွင်ပြော
ငါတို့က ရှိလို့လှူ လှူလို့ ရှိတဲ့ အမျိုးတွေပါလို့
အားလုံးကြားအောင် အော်အော်ပြော။

သိပါတယ်လှူလွန်းတာက ၊ ခန္ဓာတွေပါ စွန့်ရက်တယ်
မုန့်သာဝေစားတာ မဟုတ်ဘူး၊ ကာမတွေပါ ဝေစားတာ
လက်ဦးသူသေရင် နောက်တစ်ယောက်ကိုလှူ။
အိုဘယ့် အလှူ့ရှင်မ

အလှူရှင် ရှိပြီးသား ရာဂသားကို
အပျိုစင်သမီးများ ထပ်ခါလှူ
မအိုရင် ကောင်းကင်မှာ နေရာမရလို့တဲ့။

ကိုယ်ရေပြားရောဂါ မရှိပဲနဲ့များ တစ်ကိုယ်လုံးမဲမှောင်လို့
ဝတ်စလစ်စလစ် နေခဲ့တာ သိသာလျက်နဲ့ ဖုံးနိုင်လွန်းတယ်။

အမြင်မှန်မရသေးတဲ့ မျက်လုံးတွေကိုပါ
ဇာပုဝါကာထားသေးရဲ့။

နူနာ မရှိတဲ့ လက်တွေကို ရှိသယောင်အစွပ်တွေဝတ်ပြီး
ယားနာရှိတဲ့ ခြေထောက်တွေမှာ ခြေအိတ်အပြည့်။

အမှောင်အသိဥာဏ်ကို မဟူရာ ၀တ်ရုံလွှမ်းပါလို့
ငါတို့သာ ကောင်းကင်ရောက်ကြေးဆို
ကမ္ဘာမှာ လူမိုက်မျိုးဆက်တုံးပေမပေါ့။


အင်္ဂါဟူး (20.2.2011)

Saturday, January 8, 2011

တိတ်တိတ် ဆွေး.....


အမှတ်မထင် ဆုံတွေ့တာ
တစ်ကယ်တော့ ခဏတာလေးပါပဲ။
မြင်ခဏအတွေ့မှာ ဘ၀တစ်ကွေ့မမေ့နိုင်တာမို့။

သူက တစ်ဌာနေ ကိုယ်က တစ်ရွာတစ်ပြည်
ဝေးလို့နေလဲ ဆွေးနေဆဲမို့
မြင်စမ်းစေချင် ဒီရင်ခွင်။

ဖွင့်ပြောရင် မျက်ကွယ်ပြုမှာမို့
အမြစ်မတွယ်ခင် ပစ်ပယ်လိုက်ပါမယ့်
တစ်ကယ်ပါ ဝေးရာမှာ ဆွေးပါရစေ။

ပိုင်ဆိုင်သူ ဦးထားတဲ့နှလုံးသားကိုမှ
အနိုင်မယူချင် သမုဒယနဲ့အချစ်တွေက
အမြစ်မတွယ်ခင် ဝေးပါရစေတော့။

အဖြူရောင်နဲ့ စည်းခြားတဲ့ နှလုံးသားကို
ကျော်ချင်သူ ဒီမောင်ကိုသာ
အချစ်ဒဏ် သင့်တော့မှာပေါ့။

အချစ်ရဲ့ လောင်ကျွမ်းမှုနဲ့
အလွမ်းရဲ့ ပူဆွေးမှုယှဉ်လာခဲ့ရင်
အလွမ်းတွေကို ခုံမင်တတ်ခဲ့သူမို့။

ဒီတစ်ညတော့ ကွန်ပျူတာလေးပိတ်
တိတ်တိတ်သာ ဆွေးပါရစေတော့....။


(8.1.2010)အင်္ဂါဟူး

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More