Saturday, October 30, 2010

ခပ်တည်တည် ၀န်ခံတယ်

စာတိုပေစ တွေ ရေးချင်တဲ့ကောင်ပေါ့။ နံမည်ကြီးချင်တဲ့ ပိုးကလည်းရှိတော့ အိမ်မှာတောင် စက္ကူပြားကြီးတွေ ပေါ်မှာ မီးသွေးခဲနဲ့ စာလုံးကြီးတွေ ရေပြီး ကုတင် ခေါင်းရင်းမှာ ထားအိပ်တဲ့ကောင်ပေါ့။ ဥာဏ်ကြီးရှင် ဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ ။ လေ့လာရင်း ဘယ်ဟာကို အမှန်ယူရမှန်း မသိနဲ့ အူတူတူ ဖြစ်နေတာ လဲကြာပေါ့။ Blog ဆိုတာကြီးကို ဘာမှန်းမသိပဲ မေးလ် အကောင့်တွေနဲ့ လျှောက်ဝင်ထားတာ 2008 ခုနှစ် ကတည်းကပေါ့လေ။ အိုင်တီ ဆိုလဲ အစ် = ထိုဟာသည် လောက်ပဲ သိတဲ့ကောင်ဆိုတော့ တန်းပလိတ် တစ်ခု ဘယ်လို ပြင်ရမှန်းကို မသိတာ။ နည်းပညာဆိုက်တွေ  ဆီမှာလဲ သွားသွားကြည့်တယ်။ တန်းပလိတ် ချဲ့နည်း ရေးပေးကြတဲ့ ကိုကို မမများသိရင် ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမှာတောင် စိုးရတယ်။ ဒီလောက် ရှင်းပြတာကို ဒီကောင် နားမလည်ဘူး၊ ငါသင်တာ ညံ့တာဖြစ်မယ်ဆိုပြီး သူတို့ဘာသာ ကျွန်တော့် ပယောဂ ကြောင့် ဆူစိုက် လုပ်ရင် ကြားထဲက ကိုယ်က ဒွတ်ခ ၊ ကဲ ထားတော့ လေရှည်တတ်တာ တည်တည်တံ့တံ့ မရှိတာကလဲ ကုမရတဲ့ ရောဂါ လို ဆွဲနေသဗျ ဟိုကကူး ဒီက ကော်ပီနဲ့ လုပ်ထားတဲ့ လူသားအားလုံးအတွက် ကို လည်း ဒီအတိုင်းထားမယ် အခုတော့ ကျန်နေသေးတဲ့ ကိုယ်ပိုင် စာအုပ်အနည်းငယ်နဲ့ လက်လှမ်းမှီရာတွေ ကူးပြီးတင်ပေးမယ် ဆိုပြီး ရည်ရွယ် ချက်နဲ့ ဒီတစ်ခုကို ထပ်ဖွင့်မိပါတယ် ဗျာ။ ကိုဏီ ဏီလင်းညီု ၊ ဘကျောက် (ရွှေရတုမှတ်တမ်း )၊ ကိုဇော် ဖတ်မိ၊မြင်မိ၊တွေးမိသမျှ တွေကလည်း ရေးဖို့  အားပေးကြတယ်။ ကိုယ်ကလဲ တစ်မျက်နှာပြည့်အောင် ကို ချမရေးတတ်သေး။ စာရေးနည်းစာအုပ်တွေကို ခေါင်းရင်းမှာ ထားဖတ်ရင်း သေဖို့ နီးနေပြီး။ 

                ထားတော့ ကိုယ်တော်ကြောင်းလျှောက်ကြွား နေရင် ကလေကချေ တွေတောင် မနာလို ဖြစ်ကုန်ဦးမယ်။ ဒီတန်းပလိန်ကိုတော့ အစ်ကိုတစ်ယောက် .... အဲ ပြောလိုက်တာပဲ ကောင်းမယ် ထင်တယ် (ဦးဇွတ်ရေ ခွင့်လွှတ်တော့)ကိုဇော် က မအားသေးလို့ ဗျာ။ သူလာပြင်ပေးလိမ်မယ် (အဲလို ခပ်တည်တည် ခေါင်းရှောင်တတ်တယ်) အခုတော့ ကျွန်တော်က စာအုပ်တွေ ကူးတင်ပေးပါ့မယ်။ ငမွဲမျိုးရိုး မဟုတ်ပေးမယ့် သူကြွယ်မျိုးက ဆင်းသက်လာသူမဟုတ်တော့ သူများနိုင်ငံမှာ ကျွန်လာခံ နေရလို့ အလုပ်ချိန်က တစ်နေ့ ဆယ့်နှစ်နာရီဗျာ။ ဆိုတော့ကာ အချိန်သိပ်မရှိလှဘူးပေါ့လေ။ ဒါကြောင့် ရတဲ့ အချိန်မှာတော့ စာဆိုရင် လာထား ဖတ်မယ် ဆိုတဲ့ လူတွေ အတွက် တတ်နိုင်သလောက် လေး ဒါနပြု မယ်ပေါ့လေ။ ပြောသာပြောရတာ အဲဒီ စာအုပ်တွေကို ပိုင်ရှင် စာရေးဆရာတွေထဲက တစ်ယောက်ကို မျှ အသိပေးထားခြင်းလဲ မရှိသေးပါဘူး။ (ဆရာတို့ ခွှင့်လွတ်ကြပါ)။ 

                ဟိုနေ့ကပဲ အစ်မလို ဖြစ်နေတဲ့ သယ်ရင်းတစ်ယောက်က ဘယ်ကို လာလည်ရမှာလဲ မျက်စိရှုပ်လည်တယ်ဆိုတဲ့ တစ်ယောက်ကတော့ ။ အထက်က ပြောခဲ့သလို အတင်းတွေ အဲ သတင်းတွေ ထူးထူးခြားခြား တွေ ဖတ်ချင်ရင် မိုးယံ (လူသားအားလုံးအတွက်)ကို လာလည်ပါ။ စာတွေချည်း သီးသန့်ဖတ်ချင်ရင် အင်္ဂါဟူး (မျှဝေမှုတို့ စုစည်းရာ)ကို လာပါဂျာ။ 

လိုနေတဲ့ ကွက်လပ် တစ်ခု မို့လို့ ဒီလိုလေး လုပ်တာ ကောင်းတယ် ပြောတဲ့ ဦးမြစ်ရေ ကျေးကျေးပါ။ (စီပုံးလဲ အသစ်ထည့်ထားသဗျို့) လင့်ခ် ထားတာ ကျေးကျေးပါ။ လည်လည်လာတဲ့ နတ်သမီး (အဖြူရောင်နတ်သမီး) အစ်မရေ ကျေးဇူးပါဗျာ (ထုချေလွှာ တင်ပြီး အဆင်ပြေပါစေ)၊ အတင်းကို စပ်စုတဲ့ ဇတ်မင်းသမီး မယ်မျိုးရေ “ ငါ မိုးပျံ ပါ” လို့ အော်လိုက်သည်။ မိုးယံလား အင်္ဂါယံ လားရှင်းရှင်းပြောပါလို့ မျက်စိသူငယ် နားသူငယ်နဲ့ မေးတဲ့ အန်တီညို (ကျွန်တော်ချစ်စနိုးခေါ်တတ်တဲ့) အစ်ကိုဏီ (ဏီလင်းညို) ရေ ၀ုတ်ဒယ် ဂျို့ အနော် တစ်ယောက်တည်းပါ။ မယ်မှုန် ဘာဆက်ဖြစ်လဲ သိချင်တဲ့ ဒေးဗစ်အုပ် (ကဗျာဟောင်းပေမယ့် လူက အသစ်လေးနော်) ဒီနေ့ ည လာဖတ်ပါ။ မခေါ်ပဲ သူလာ မနှင်ပဲနဲ့ ပြေးတဲ့ ချစ်သယ်ရင်း မီးမီးလေး မေပယ်လ် ရေ ကျေးကျေးနော်။ စန့်ငံ စန့်ငံတွေ မကြိုက်လို့ ကိုရီးယား ကားတောင် မကြည့်တဲ့ သယ်ရင်း ညီမလေး ဖြူ ရေ အချိန်ရသလောက် ကြိုးစားတင်ပေးပါ့မယ်ဂျာ။ ကဲ နောက်ဆုံး ကျေးဇူး စကားဆို ရမှာကတော့ ငွေလမင်း (ချစ်သူနှစ်ဦး) ကိုတော့ ဖီးလ်မအောက် ရလေ  အောင် ကြိုးစားပေးပါ့မယ် လို့ ၊ ဖွင့်ပွဲ မလုပ် ဘာမှ မကျွေးလို့ ရွှေစိတ်တော် ညိုတဲ့ ဒေါ်ဒေါ် ဦးဦး ငွေလမင်းတို့အား ဆွဲစရာများ ပါသော ဘန်ဒါကြီးကို ကြည့်ပြီး သွားရည်ကျ ကြပါလို့။ 

အန် ဘာလဲ မရဘူး ဟုတ်လား။ ဒါဆိုလဲ သယ်ရင်းတွေ ညီအစ်ကို မောင်နှမ တွေ လည်လည် လာ မိတ်သဟာတွေ အားလုံးပဲ ဒါလေးတွေ ဆွဲကြဗျာ.....













အားလုံးကို ကျေးဇူးတင်လျက်.................. အင်္ဂါဟူး

6 comments:

~ဏီလင်းညို~ said...

ကိုဏီး သစ်သီးတွေအကုန်ဆွဲသွားတယ်.......။
ဟိုပုလင်းတွေထဲက တစ်ခုကို အိမ်သယ်သွားတယ်........း))
ကျန်တာတွေတော့ မကြိုက်လို့.....မမြင်ချင်ယောင်ဆောင်သွားတယ်........:P
မန့်တဲ့နေရာက ဝေါ့ဗယ်ရီဖီကေးစင်းကို ဖြုတ်စေချင်ပါကြောင်းးးးးးးး

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

အဖြူရောင်နတ်သမီး said...

အင်္ဂါယံ လိုက်..အင်္ဂါဟူး လိုက်နဲ့...
မူးအောင်တော်တော်လုပ်တယ်..ဒီကလေး...
အစကတည်းကမှ အလုပ်ထဲမှာ ပြဿနာပေါင်းစုံနဲ့ မူးနေရတဲ့အထဲ...

ကဲ..
မထူးပါဘူး...
မူးမူးနဲ့ပဲ မြင်ရာ အကုန်စားသွားပါသည်..။

မွေးနေ့မှသည် နောင်နှစ်ပေါင်း(၁၂၀) တိုင် ပျော်ရွှင်ချမ်းမြေ့သော ဘဝလေးကို ပိုင်ဆိုင်ပြီး
တန်ဖိုးရှိသော ရတနာကဲ့သို့ အမ အဘ တို့အားကိုးရာ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းသော သားရတနာလေးဖြစ်ပါစေလို့ ဆုတောင်းပေးခဲ့တယ်နော်..။

ငွေလမင်း said...

အခုလို ခင်မင်မှုကို အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးပါ
တကယ်စားရတာ မဟုတ်ပေမဲ့ အလကားစားသွားတယ်
ကိုဏီလင်းညို ပြောသလိုဘဲ word verification ကို ဖြုတ်ပေးပါ
လေရှည်တာလည်း လေရှည်ပေါ့
ဆက်ရန်လည်း တင်အုန်းလေ

Maung Myo said...

အော်... ဒင်းက ဒီလိုကိုးး ထင်တော့ထင်တယ် ငါ့ကို ဒီလိုမျိုး ရင်း၂နှီး၂ ခေါ်တာဆိုလို့ ဒင်းပဲရှိတာလို့ ခုတော့လည်း ရှင်းသွားတာပေါ့ ။ ဘလော့အသစ်လေးဆိုတော့ ဝေဖန်ရေး လေကန်ရေးလေး လုပ်ခဲ့မယ် ။

ဒီဘလော့ရဲ့ ဆိုဒ်ဘားမှာ ရှုပ်မနေတာတွေကို သဘောကျတယ် ။

ပြီးတော့ ဘာလို့လဲတော့မသိ ဝေမျှတာချင်းတူပေမယ့် ဟိုမှာက ရောင်စုံကာလာတွေနဲ့ ရှုပ်နေသလားလို့ ဒီမှာတော့ လွတ်လပ်တယ် ပြောချင်ရာတွေပြောခဲ့မယ်လို့ စဥ်းစားထားတယ် ။

အကြံလေးတော့ ပြုပါရစေ သတင်းတွေကို ဟိုမှာပဲတင်ပြီး ဒီမှာ အချစ် အနှစ် အမြစ် တွေရေးပါလို့ ဘလော့မှာ လွတ်လပ်စွာ စီးမျောနိုင်ပါစေ သယ်ရင်းရေ ငါ့ကိုဇတ်မင်းသမီးလို့ ခေါ်တာတော့မကျေနပ်ပါ မိုးပျံမ မိုးပေါ်ပျံရင် ပြုတ်ကျပါစေး)


word verification ကြီးဖြုတ်ပေးပါ ။

Anonymous said...

ငါ့တော့ နာမည်တွေ ဘွဲ့တွေ ဘယ်တက္ကသိုလ်ကမှ မပေးရပဲကို
နင်တို့လုပ်တာနဲ့ လည်ပင်းမှာ ချိတ်ဆွဲဖို့တောင် နေရာလွတ်မရှိတော့ဝူး.။
အချို့က ပြတိုက်လေး.တဲ့.။ပြီးတော့ မဲပေ.ဆိုလား.။ အဲ..လာသေးတယ်..။ ငပုတ်လေးလဲ အခေါ်ခံရတယ်.၊
ပြီးတော့ အရိပ်လို့ခေါ်တာက တစ်မျိုး..။ အင်း...နောက်ဆုံးမတော့
ဖုံးကညာတစ်ပါး လုံးရာက ပြားရတဲ့ မီးမီးလေးပါတဲ့ဗျို့..(အဟင့်):Waa

ကိုဇော် said...

ကောင်းတယ် အားပေးပါတယ်။
လုပ်သာလုပ်... ကိုယ့်သိတာကို မျှဝေတာရော။
သူများဆီက ထပ်ဆင့်မျှဝေတာရော ကောင်းပါတယ်။
လုပ်သာလုပ်..

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More