Sunday, March 27, 2011

ရေးတော့အမှန်

ရေးတော့အမှန် ဟိုတစ်လောက စာနယ်ဇင်း စာမျက်နှာတွေပေါ်မှာ စာရေးဆရာများကို စာမူခတိုးပေးရေးအတွက် ရေးကြတာ ဖတ်လိုက်ရသည်။ အားတက်သရော ၀ိုင်းပြီးရေးကြ၊ ပြောကြ၊ ဆွေးနွေးကြတာ ပျော်စရာကြီး ဖြစ်၏။      သို့ရာတွင် စာနယ်ဇင်း ထုတ်ဝေသူတွေဘက်ကတော့ စာမူခတိုးပေးရေးအတွက် ဘယ်လိုစီစဉ် ထားပါတယ် ၊ ဘယ်လိုစိတ်ကူးရှိပါတယ် ဆိုတာမျိုး တုံ့ပြန်မှုနည်းပါးတာကိုတော့ စိတ်မကောင်း ဖြစ်ရ၏။ (ကိုယ့်အသိစိတ်ဓါတ်နှင့်ကိုယ် တတ်နိုင်သလောက် စာမူခ တိုးပေးကြရှာသော စာနယ်ဇင်းအချို့ကိုတော့ အားနာပါရဲ့။)        သတင်းစာထဲက လူထုအော်သံ အခန်းမှာ ပါတတ်သည့် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပေးပါ ” ဆိုသော တောင်းဆိုမှုမျိုးကိုတောင် “ လမ်းထိပ်က အမှိုက်ပုံ ဖယ်ရှားပြီးဖြစ် ” ဆိုတာမျိုး ဂရုတစိုက် ဖြေရှင်းတတ်ပါသေးသည်။       ကျွန်တော်စဉ်းစားမိတာကတော့ တကယ်လို့သာ ခုလို စာမူခနှုန်းထားနဲ့ပဲ ဆက်ပြီး...

Sunday, March 20, 2011

ဆရာနေ၀င်းမြင့် စာပေဟောပြောပွဲ (မလေးရှား တတိယကြိမ်)

ဆရာနေ၀င်းမြင့် (စာပေဟောပြောပွဲ)တတိယအကြိမ် (ကွာလာလမ်ပူ မလေးရှား)1122334...

Saturday, March 5, 2011

ကြိုးနီ

ကြိုးနီချစ် စံ ၀င်းအစိုးရဌာန နှစ်ခုမှ ရုံးနှစ်ရုံးသည် အဆောက်အဦးကြီးတစ်ခုထဲတွင် ပူးတွဲရုံးဖွင့်ထား၏။ ထိုရုံးနှစ်ခု အနက်မှ တစ်ခုသောရုံးတွင် ခွေးတစ်ကောင်မွေးထား၏။ တစ်နေ့သောအခါ ထိုခွေးသည် ကပ်လျက်ရုံး၏ အခန်းတွင်းသို့ သွား၍ နောက်ဖေးယိုခဲ့၏။ ဤသို့ပြုလုပ်ခြင်းသည် တစ်ကြိမ်မဟုတ် ကြိမ်ဖန်များလာသောအခါ နောက်ဖေးယို ခံရသော ရုံးက ခွေးမွေးထားသောရုံးသို့ “ လူကြီးမင်းတို့ ရုံးမှမွေးထားသော ခွေးသည် ကျွန်တော်တို့၏ ဧည့်ခန်းနှင့် ရုံးခန်းအတွင်းတွင် မကြာခဏလာရောက်၍ နောက်ဖေးယိုနေသောကြောင့် နောက်နောင် ထိုသို့မဖြစ်စေရေးအတွက် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ” ဟူသော စာကိုပို့လိုက်၏။ယင်းစာသည် ခွေးမွေးထားသောရုံး၏ စာလက်ခံဌာနမှ “ အဆင့်ဆင့် ဆက်လက်တင်ပြသည်၊ ဆက်လက်တင်ပြပါသည် ” ဟူသော မှတ်ချက်ဆယ်ခုလောက်ဖြင့် နောက်ဆုံး ရုံးမှတာဝန်ရှိ ပုဂ္ဂိုလ်ထံ သို့ရောက်သွား၏။ ထိုပုဂ္ဂိုလ်က “ ယင်းကိစ္စ ဟုတ်မဟုတ် စုံစမ်းတင်ပြပါ ” ဟူသော...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More