Thursday, December 23, 2010

လေထန်ဖုန်း

ကျွန်တော်သည် ၁၉၉၈ သြဂုတ်လထုတ် သောင်းပြောင်းထွေလာရယ်စရာ မဂ္ဂဇင်းထဲတွင် “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္ထုတစ်ပုဒ် ရေးခဲ့ပါသည်။ ကျွန်တော်ချစ်သော၊ခင်သော၊လေးစားသော စာပေနယ်သားများကို ဇတ်ကောင်များလုပ်၍ ကလူကျီစယ်ခဲပါသည်။ (ထို ၀တ္ထုကို သဘင်ဂျာနယ်တွင် ဆရာဆန်းထွန်းက ရုပ်ပြကာတွန်းအဖြစ် ထပ်ဆင့် တင်ဆက်ခဲ့ပါသေးသည်။) ကျွန်တော်၏ရည်ရွယ်ချက်မှာ မတွေ့ဆုံဖြစ်တာကြာပြီဖြစ်သော ဆရာ ဆရာမများကို သတိရသောကြောင့် လည်း ဖြစ်၏။ စက္ကူဈေးတွေတက်၊ကုန်ကျစားရိတ်တွေကြီး၊ စာအုပ်တွေ အရောင်းကျသဖြင့် လေးလံထိုင်းမှိုင်း သုန်မှုန်နေသော စာပေလောကသားတို့ စိတ်ပြေလက်ပျောက်မချိပြုံးကလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေဆိုသော စေတနာလည်းဖြစ်၏။ ကျွန်တော့်ရည်ရွယ်ချက်သည် အထိုက်အလျောက်တော့ အောင်မြင်ပါသည်။ စာဖတ်ပရိသတ်များကကော ၀တ္ထုထဲ ပါဝင်သော ဇတ်ကောင်များကပါ သဘောကျနှစ်သက်ကြသည်ဟု အယ်ဒီတာ ဆရာကောက် က ပြောပါသည်။ (တကယ်ဟုတ်မဟုတ်တော့ မသိပါ။ နောက်ကို...

Sunday, December 19, 2010

သူ့မယား ငါ့မယား အခန်း(၁၀) ဇတ်သိမ်း

ကိုမြကြီးသည် ထိုနေ့၌ မယ်မှုန်နှင့် မယ်စံတို့အား မိမိ၏အခြေအနေကို သေချာစွာပြော၍ မပြလျှင် ဖြစ်တော့မည်မဟုတ် ၊ အခက်အခဲသည် သိသိသာသာကြီး လေး၍လာသည်ကို မျိုသိပ်၍ထားခဲ့သည်မှာ အတော်ကြာခဲ့လေ၏။ ယခုကား မပြောဘဲ မနေနိုင်တော့ပေ။ ကုန်စုံဆိုင်မှ ကုန်ကြွေးများကို မဆပ်နိုင်သဖြင့် ဖျက်သိမ်းရတော့မည့်အနေသို့ ရောက်၍နေလေ၏။ထိုဆိုင်ကလေး ရှိသေသမျှ ငွေကြေးပင် အပိုအလျှံများစွာမရှိစေကာမူ ဣနြေ္ဒမပျက် ထမင်းနပ်စေ့အောင် စားနိုင်ကြသေး၏။ မတော်တဆ ဆိုင်ပိတ်လိုက်ရချေက ဖြစ်ပျက်ပုံအခြေအနေကို တစ်ရွာလုံး သိတော့မည်။ သိလျှင်အရှက်ကွဲတော့မည်။ ငွေငါးရာ ၊ တစ်ထောင်ကိုလည်း အဘယ်မှ လှည့်၍မျှ ရပုံမပေါ်သဖြင့် များစွာပင် အခက်ကြုံလေတော့သတည်း။“ အများကတော့ ငါ့ကို သတိပေးကြတာပ ၊ လာဘ်အစား စုတ်တွေ...

Friday, December 17, 2010

ဖြစ်မလာခဲ့သော ဖြစ်ချင်နေတာ

ဘ၀က လူနေချုံကြား စိတ်နေဘုံဖျား ဆိုတဲ့ စကားကိုသဘောကျမိတာပါပဲ ။ အနေစုတ်တာကို မြင်ပြီး ရွှေထုပ်တဲ့ မြပုဝါများဖြစ် နေလေမလားလို့ ထင်သူ အရူးသာလျှင်ဖြစ်ပေမပေါ့...။ ခါးသီးလွန်းတဲ့ဘ၀တွေကို မုန်းတီးလွန်းလို့ အခြေမတင့်ခင် မှာ စိတ်ဓါတ်ကလေးတော့ ဘုံဖျားရောက်တန်ကောင်းပါရဲ့ လို့ ထောက်ကန် ထားရသူပါ ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေရဲ့ အတ္တုပ္ပတ္တိတွေ ဖတ်ပြီး တိတ်တခိုးအားကျနေသူပေါ့။ လောကဓံ မုန်တိုင်းကြားမှာ မြုပ်ချည်ပေါ်ချည်နဲ့ ကူးခတ်လာတာ ဘာလိုလိုနဲ့ အနှစ်နှစ်ဆယ်တောင် မသိမသာ ကနေ သိသိသာသာ ကျော်လာခဲ့ပြီလေ။ ဘ၀ရဲ့သက်တမ်း သုံးပုံတစ်ပုံပေးဆပ်လိုက်ရတာတောင် အနာဂတ်က ရေးတေးတေး ဖြစ်နေတုန်းပါကလား။ငယ်ငယ်ကတည်းက ဂျော့ဘားနပ်ရှောကို အားကျခဲ့သလို ၊ ၀င်စတန်ချာချီ နဲ့ ဂျက်လန်ဒန်တို့ရဲ့...

Wednesday, December 15, 2010

သူ့မယား ငါ့မယား အခန်း(၉)

မိန်းမများသည် သားရေစာကိုသာ ဝေ၍စားမည်။ လင်ကို ဝေမစားဘူးဟုပြောသော်လည်း အခါခပ်သိမ်း ဟုတ်မှန်သော စကားမဟုတ်။ အိန္ဒိယ တိုင်းရင်းသူများစွာတို့မှာ လင်ကိုအများကြီးဝေ၍ စားကြရာ၌ များစွာ ပျော်ပိုက်လေ့ရှိကြကြောင်း သိရလေ၏။ပျော်ပိုက်စရာလည်း အကြောင်းလုံလောက်စွာ ရှိလေ၏။ ထိုအကြောင်းကိုသိသော မြန်မာမိန်းမအချို့လည်း မိမိတို့၏ လင်ယောက်ျားအတွက် အပိုမိန်းမကို ရှာ၍ပင်ပေးတတ်ကြလေ၏။ မယ်မှုန်မှာ ထိုကဲ့သို့သော မိန်းမတစ်မျိုးဖြစ်လေ၏။မယ်စံရောက်စ၌ ညဥ့်အခါများမှာ မအိပ်နိုင်ဘဲ နေလေ၏။ မိမိ၏ ယောက်ျား မယ်စံထံ ဆောင်တော်ကူးသွား ကောင်းမလားဟု မျက်လုံးတကျယ်ကျယ်နှင့် မအိပ်မနေ ချောင်းမြောင်း ရသောကြောင့် မျက်နှာများမှာ ကျုံ့စပြုလေ၏။တနင်္ဂနွေ တစ်ပတ်လောက်ကြာသော အခါ၌ကား မောင်မြအား အိပ်ရာတွင် စ၍ မမေးဘဲ မနေနိုင်တော့ပေ။ “ ရှင့်မယားဆီ သွားချင်သလား ”“ အို.....မင်းကလည်း ဘာတွေပြောနေတာလဲ ” “ မဟုတ်ပါဘူး၊ ရှင် သွားချင်သလားလို့ပါ၊ သွားချင်ရင်လည်း....”“...

ဆုံမှတ်လွဲ ငြိမ်းချမ်းမှု

မျက်နှာချင်းဆိုင် ဆုံတွေ့တဲ့အခိုက်အတန့်လေးကိုခဏလောက်ဖမ်းဆုပ်ထားချင်တယ်ဒါပေမယ့်လားရာဘက်ချင်း မတူတော့လည်း ဆုံမှတ်တွေလွဲတာပေါ့ထင်းရှူးပင်ရိပ်ကို ကျည်ဆံဖြတ်သလိုမြန်လွန်းတဲ့ တွေ့ဆုံမှုမှာဘာကြောင့် ငါ့အသည်းက မင်းလက်ထဲပါသွားလဲချစ်ခဲ့တယ်ဆိုတာက ခဏအတွက်မှ မဟုတ်တာလမ်းမှာတွေ့လို့ပြုံးပြရုံတော့ မလုပ်လိုက်ပါနဲ့ချစ်ခြင်းကိုပစ်ခွင်းမယ့်မြှားတစ်စင်းမှ မရှိတော့သူမို့ထားရစ်နိုင်ခဲ့လို့ မေ့အသည်းကို စိန်လို့မှတ်မယ်တစ်ဖက်စောင်းနင်း စကားဆိုတာတော့ မဟုတ်ဘူးတစ်ဖက်ကိုစောင်းချင်လို့ ငါ့ဘက်ကိုနင်းခဲ့တာကိုး...တိမ်းမှောက်မှ သိရတဲ့ လှေလူးလိုပဲတစ်ဘက်သတ်ချစ်ခဲ့ရသူမှ မဟုတ်ပဲနဲ့ငါ့ဘက်ကို သတ်ရက်တယ်.မီးစာကုန် ဆီခမ်းတဲ့ ဆီမီးငယ်ကိုဘာမှမရှိတော့ဘူးလို့ မထင်လိုက်ပါနဲ့ငြိမ်းချမ်းခြင်း သန္တိသုခ ဓါတ်ကလေးကျန်သေးရဲ့အင်္ဂါဟူး (15-Dec-20...

Sunday, December 12, 2010

သူ့မယား ငါ့မယား အခန်း(၈)

အခန်း (၈)တစ်နေ့သ၌ လင်မယားနှစ်ယောက် ထမင်းစားနေခိုက်တွင် သူငယ်တစ်ယောက် အိမ်ရှေ့သို့ရောက်လာပြီး ကိုမြကြီးကို တီးတိုးစကားပြောလေ၏။ကိုမြကြီးလည်း ခဏမျှစဉ်းစားပြီး ထမင်းကို သုတ်သုတ်စား၍ လိုက်သွားလေ၏။ မယ်မှုန်သည်ကား ဘယ်လို အကြောင်းများ ဖြစ်ပါလိမ့်မလဲဟု စဉ်းစားပြီး တစ်အောင့်လောက် ကြာသောအခါလိုက်၍ သွားလေ၏။သို့ရာတွင် အိမ်တစ်အိမ်သို့ ရောက်လျှင် နောက်ဖေးနွားတင်းကုပ်၌ စောင်ကလေးကို ဦးခေါင်းထက်မှာ တင်၍ ထားသေား မိန်းမညစ်ထပ်ထပ် တစ်ယောက်နှင့် စကားပြော၍ နေသည်ကို မြင်ရသဖြင့် ဒေါထလျက် ထဘီကို တိုတိုပြင်၍ ၄င်းတို့ရှိရာသို့သွားရာ စကားပြော၍နေသာ မိန်းမမှာ အခြားမဟုတ် မယ်စံဖြစ်နေသည်ကို တွေ့ရှိရလေ၏။ထိုအခါ မယ်မှုန်သည် ဒေါသဖြစ်လျက် မယ်မှုန်ကို ကြည့်ကာ..........“ညည်း ဘာလာရှုပ်သလဲ၊ ဘာကိစ္စ လာသလဲ” ဟု မေးလေ၏။ထိုအခါ မောင်မြက ထိုင်ရာမှ ထပြီး“သည်းခံ မယ်မှုန် ၊ ငါလည်း ဘာမှ မသိဘူး၊ အခုမှ တွေ့တာပဲ၊ မေးမေးမြန်းမြန်း စုံစုံစမ်းစမ်း လုပ်မှပေါ့၊...

Tuesday, December 7, 2010

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်

စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်ရုပ်မြင်သံကြားမှာ လာလာနေသော ကြော်ငြာတွေကိုသာ နိုင်ငံခြားသားတွေ ကြည့်မိလျှင် မြန်မာလူမျိုး ဆိုသည်မှာ ခေါင်းကလေးလျှော်လိုက် ၊သနပ်ခါးလေး မိတ်ကပ်လေးလိမ်းလိုက်၊အချိုရည်လေး သောက်လိုက် အားဆေးလေးမှီဝဲလိုက် ၊ ကော်ဖီမစ်လေး သောက်လိုက်၊ ရွှေကလေးဝယ်လိုက်နှင့် နေတတ်သော လူမျိုးဟု ထင်ကြပေလိမ့်မည်။ကြော်ငြာတွေကလည်း ဒါတွေချည်းပဲကိုး။ ဒါတောင် ဘီယာ၊ အရက်နှင့် စီးကရက် ကြော်ငြာတွေကို ကြပ်ကြပ် မတ်မတ် လုပ်လိုက်ပေလို့ပေါ့။ ဒါမှ မဟုတ်လို့ကတော့ မြန်မာဆိုတာ ဘီယာလေး ၊ အရက်လေး တမြမြ စီးကရက်လေး တဖွာဖွာ နေတတ်သူများဟု သတ်မှတ်ခံရမှာ သေချာသည်။မြန်မာတို့သည် စာအလွန်ဖတ်သော လူမျိုးဟု အထင်ကြီးခံရဖို့ အလားအလာတော့ သိပ်မရှိလှပါ။ အကြောင်းမှာ ရုပ်မြင်သံကြားတွင် စာအုပ်ကြော်ငြာ မပါသလောက် ဖြစ်နေသောကြောင့်ပင်ဖြစ်၏။တစ်လ တစ်ခါ၊ နှစ်ခါလောက်တော့ ရှားရှားပါးပါး တွေ့ရတတ်သည်။ သို့ရာတွင် စာအုပ်ကြော်ငြာဆိုတာ က သူများတွေလို...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More