သုခမိန်
လူငယ်များအတွက်စာပေလက်ဆောင်
အဲဒီအချိန်ကဆရာတို့အများဆုံးဖတ်ခဲ့ရတဲ့စာကတော့ဆရာကြီးပီမိုးနင်းရဲ့ တက်ကျမ်းတွေပါဘဲ။ဒါကြောင့် အဲဒီခေတ်ကလူငယ်တွေဟာညီညွတ်ကြတယ်။ ရိုင်းပင်းကြတယ်။မဟုတ်တာကို မလုပ်ကြဘူး။လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး လေလွင့်မနေဘူး။မူးယစ်သောက်စားခြင်းလဲ မရှိဘူး။- ဆရာမှာခဲ့မည် တပည့်ငယ်အများတို့...- ငါဆရာ့စကားကို နားစေ့စေ့ထောင်လေ....- မသေမျှကာလအတွင်းတွင် ဖျင်းတန်ပေါ့သွပ်သော လူကို မပေါင်းနှင့်...- လောင်းကစား သေစာမှုကို ဝေးစွာကြဉ်...- ဆရာသခင်၊ အရှင်နှစ်ပါး၊ မိဘများကို မုန်းထား မန်မျက်၍ စိတ်ထွက်အောင် မပြုနှင့်...- သူ့ကျေးဇူးကို အထူးသိလေ...- ဆွေလာမျိုးဝတ်လည်း ကျေလှစေ...- အဆွေမိတ်ကောင်းကို ရအောင်ရှာ...- ကာမဂုဏ်ကြောင့်လည်း မရူးနှင့်...- ဥစ္စာဂုဏ်ကြောင့်လည်း မမြူးနှင့်...- ...