Sunday, October 31, 2010

သူ့မယား ငါ့မယား အခန်း(၁)အပိုင်း(2)

ဒီကောင်မလည်း ခေတဲ့ကောင်မ မဟုတ်ဘူး ။ ပြောပုံဆိုပုံ ရုပ်ရည်နဲ့ဆိုတော့ မယ်စံထက် မညံ့။ သင်းက တောင် သာသလိုလိုပါကလား။ သင်းတောင် ငါ့မယားကို ရသေးတာ၊ သင်းမယား ငါမရ ဘာမို့လဲ ၊ တရားစွဲ နေရင် ကိစ္စများမယ်၊ ငါ့မယား သူယူ ၊ သူ့မယား ငါယူ ဘာဖြစ်သေးလဲ။ သို့သော်လည်း ဟိုအကောင် ယဉ်စစ ငါက ပုတိုက်ရိုက်၊ ရုပ်ချင်းတော့ သူကသာပေတာပဲ ၊ နို့ပေမယ့် ရုပ်သွေးသောက်ရတာ မဟုတ် ၊ ရွှေငွေ စိန်ကျောက် ဆင်နိုင်မှ အဖိုးတန်ဆိုတဲ့ တရားကို ဟောရမှာပဲ၊                 သူ့မှာလည်း သားသမီးမရှိ ဟန်ရပြီ၊ မြန်မြန်နေရာ ကျအောင်လုပ်မှ တော်မယ်ဟု တွေးရင်း ချက် အရက်တစ်ခွက်ကို မော့၍သောက်ပြီး ၊ မယ်မှုန်၏ အိမ်ဘက်သို့ ထ၍သွားလေ၏။ မယားပျောက် ကတည်းက အရက်ဖြင့် အပူကိုဖျောက်ကာ နေလေ၏။                  မယ်မှုန်မှာ...

Saturday, October 30, 2010

ခပ်တည်တည် ၀န်ခံတယ်

စာတိုပေစ တွေ ရေးချင်တဲ့ကောင်ပေါ့။ နံမည်ကြီးချင်တဲ့ ပိုးကလည်းရှိတော့ အိမ်မှာတောင် စက္ကူပြားကြီးတွေ ပေါ်မှာ မီးသွေးခဲနဲ့ စာလုံးကြီးတွေ ရေပြီး ကုတင် ခေါင်းရင်းမှာ ထားအိပ်တဲ့ကောင်ပေါ့။ ဥာဏ်ကြီးရှင် ဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ ။ လေ့လာရင်း ဘယ်ဟာကို အမှန်ယူရမှန်း မသိနဲ့ အူတူတူ ဖြစ်နေတာ လဲကြာပေါ့။ Blog ဆိုတာကြီးကို ဘာမှန်းမသိပဲ မေးလ် အကောင့်တွေနဲ့ လျှောက်ဝင်ထားတာ 2008 ခုနှစ် ကတည်းကပေါ့လေ။ အိုင်တီ ဆိုလဲ အစ် = ထိုဟာသည် လောက်ပဲ သိတဲ့ကောင်ဆိုတော့ တန်းပလိတ် တစ်ခု ဘယ်လို ပြင်ရမှန်းကို မသိတာ။ နည်းပညာဆိုက်တွေ  ဆီမှာလဲ သွားသွားကြည့်တယ်။ တန်းပလိတ် ချဲ့နည်း ရေးပေးကြတဲ့ ကိုကို မမများသိရင် ရှက်ပြီး ကိုယ့်ကိုယ်ကို သတ်သေမှာတောင် စိုးရတယ်။ ဒီလောက် ရှင်းပြတာကို...

စာရေးဆရာဖြစ်ဖို့ မွေးဖွားလာခဲ့သူ

စာရေးဆရာ ဖြစ်ဖို့မွေးဖွားလာခဲ့သူ ကျွန်တော့်မှာ စာရေးဆရာဖြစ်ဖို့ပါရမီ မပါဘူးဆိုတာဆယ့်ငါးနှစ်ကြာမှ သိခဲ့သည်။သည်အချိန်မှာ ကျွန်တော်ကအရမ်းနံမည်ကြီးနေပြီဖြစ်ရာနောက်ဆုတ်၍ မရတော့။ ( ရောဘတ်ဘင့်(ချ)လေ ) “သေသေကျေကျေ ဗျာ၊ ကျွန်တော်တော့ စာရေးဆရာ မဖြစ်ဖြစ်အောင် ကြိုးစားမယ် ၊ ” သည်စကားကို ပြောသူက ၊ ကျွန်တော့စားသောက်ဆိုင် ဖွင့်စမှာ ရောက်ရှိလာသည့် ဧည့်သည် တစ်ယောက် ဖြစ်၏ ။ အဲသည် တုန်းက သူ “စတား” မဖြစ်သေးပါ။ စာတစ်အုပ်မှ ပုံမနှိပ်ရသေး ။ ဘယ်သူမှလည်း မသိသေးပါ။ သို့သော် အလက်(စ်)ဟယ်လေက တစ်နေ့မှာ ကမ္ဘာက လေးစားရသည့် စာရေးဆရာ တစ်ယောက် ဖြစ်ဖို့ သေချာပြဌာန်း ပြီးသား ပုဂ္ဂိုလ် တစ်ယောက်ဖြစ်သည်။                  အလက်(စ) နှင့် ကျွန်တော် ၁၉၅၁ ခုနှစ်က စတွေ့သည်။ အဲသည်တုန်းက  ကျွန်တော် ဆန်ဖရစ်စစ္စကို ရှိ မရီနာ အထက်တန်းကျောင်းက ဖွင့်လှစ်သော သက်ကြီးပညာရေး...

Friday, October 29, 2010

သူ့မယား ငါ့မယား

အခန်း(၁) သြော်.....မယ်စံ၊လုပ်ရက်တဲ့ ကောင်မ။ ငါကတော့ မယားတစ်ယောက် သူများနည်းတူ ၀တ်စေချင် ဆင်စေချင်လို့ သွားလိုက် လာလိုက် ရှာဖွေလိုက်ရတာ။ နေ့နှင့်အမျှ နေပူမိုးရွာ အခါမရွေး ဘိုင်စကယ် တစ်စင်းနဲ့ ရွာအနှံ့ သွားလိုက်ရတာ။ သူ့မှာတော့ ငါသွားနေသမျှ ကာလပတ်လုံး အိမ်မှာ ဟိုအကောင် နဲ့ ဖြစ်ချင်သလို ဖြစ်နေတာပါကလား။ သြော်.... မိန်းမ-မိန်းမ၊ မိန်းမများ ရက်စက်တော့ ဘာကိုမှ မထောက်ထား။ ကျေးဇူးတွေကို အကုန်မေ့တော့ တာပါကလား ကိရို။အင်း...ဒါလည်း ငါ့အပြစ်ပဲ။ ငါပေါ့လို့ ဒီလိုဖြစ်တာပဲ၊ ငါယုံကြည်ပြီး လွှတ်ထားမိပေတာကိုး။ နွေဦးပေါက် ကတည်းက ငါလည်းခရီးလမ်းများ သူလည်း မူကွဲတာပဲ၊မူကွဲတာတောင် ငါအကဲ မခတ်မိဘူး၊ ငါ့မယားကို တစ်စုံ တစ်ယောက်နဲ့ ယုတ်ပတ် ဖို့မဆိုထားနဲ့၊ အမရာ ကိန္ဒရီ မဒ္ဒီ သမ္ဘူလ တော်လေးဆူလို ၊ အဖြူထည် စင်စင် မြူမထင် မိုးမထင် ငါက လွဲရင်ဖြင့် ဘယ်သင်းကိုမှ စိတ်မကူးဘူးလို့ မှတ်ထင်ခဲ့မိတာတွေ တက်တက်စင် လွဲတော့တာပါကလားကရို။အဲလေ......မတတ်နိုင်ပါဘူး...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More