သူတို့လိမ်နေကြတယ်...ခေါင်းစဉ်က “ မင်းစိတ်ချမ်းသာဖို့အတွက်” တဲ့.... ။
သူတို့ လိမ်နေကြတယ်...မုသား အနီတွေ ပါတယ်...။
သူတို့ လိမ်နေကြတယ်...မုသား အနက်တွေ ပါတယ်...။
သူတို့ တိုင်ပင်မထားပဲ အတူလိမ်ကြတယ်...။
သူတို့ တစ်ယောက်တစ်မျိုး လိမ်နေကြတယ်...။
သူတို့ ပြောတော့ ငါ့စိတ်မဆင်းရဲဖို့အတွက်...။
သူတို့ ငါ့အပေါ်စေတနာ ထားကြတာပဲ...။
သူတို့ စေတနာကိုလေးစားလို့ ငါ့ဘ၀ကို ရင်းပြီးယုံလိုက်တယ်...။
ဘယ်တော့မှ ငါ့မျက်လုံးပြန်မဖွင့်တော့ဘူး။
အင်္ဂါဟူး
6.2.2012
Monday 6:19 PM
5 comments:
တခါတလေ မျက်လုံးနဲ့ မကြည့်ပဲ
အသံနဲ့ ခံစားပြီး
အမှန်စင်စစ် ဟုတ်မဟုတ်
ခံစားကြည့်မိတဲ့အခါတွေလည်း ရှိသေးတယ် :D
တစ်စုံတစ်ခုသော ရသကို ခံစားလိုက်ရတယ်...ဘယ်လို ရသမျိုးလည်း ဆိုတာတော့ အတိအကျ မပြောတတ်ပြန်ဘူး...
သန်းစိန်
ဟုတ်လား
အလိမ်ခံရတာနဲ့ ပတ်သတ်ပြီး ခံစားချက် ပြင်းပြင်းရှိနေပုံရတယ်။ ဒါနဲ့ စကားမစပ် ဒီဘလော့လည်း ဖုန်တက်နေတာ တော်တော်ကြာပြီနော်။ :)
Post a Comment
ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။