Friday, August 26, 2011

ပြည်ကြီးတန်ဆာ



ဒီမြေပေါ်က ဒီရေ.....
ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ
ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ
မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ
သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။

ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား
ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ
ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး
ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။

စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက
လောဘတွေ အာသာငမ်းငမ်းနဲ့
ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့
ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့
ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။

သွေးသားကိုရောင်းစား ရက်လေသလား
တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင်
နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။

နှိုင်းစရာရှားပေမယ့် လူတစ်စုက တုနိုင်းမဲ့တွေ မဟုတ်ဘူး
နှိုင်းစရာ ပမာပေးပေမယ့် ညဥ့်ငှက်တွေကိုတောင် အားနာမိတယ်။

တစ်ကယ်တော့ သွေးသားကို ရောင်းစားတဲ့သူတွေဟာ.....
တစ်ကယ်တော့.............
တစ်ကယ်တော့.........။



မိုးယံ
26.8.2011 သောကြာ
(4:41 PM)

2 comments:

Crystal said...

လက်သဲဆိပ်မှ လက်ထိပ်နာကြမယ့်သူတွေပါအေ...

(ကောင်းလိုက်တဲ့ရသ...)

ဆူးသစ် said...

မိုးယံရေ----ပျောက်နေတယ်မှတ်တာ သူက ဒီမှာ ခြေရာလာချနေတယ်။ ကဗျာကို သေသေချာချာ ဖတ်သွားပါတယ်။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More