စာဖတ်နိုင်ကြသူများထဲတွင် စာရေးသူများအနည်းငယ်တွေ့ရသည်။ သူတို့ ဘာကြောင့် စာရေးခြင်းကို ကျွန်တော် မသိရပေမယ့် စာရေးသူအနည်းငယ်မျှသာ စာဖတ်နိုင်ကြသူများထဲမှ ပေါ်ထွက်လာခြင်းကို ကြည့်ခြင်းဖြင့် စာရေးရန် အတွက် လုံလောက်သော အားထုတ်မှု လိုအပ်သည်ကို သိရှိနိုင်သည်ဖြစ်သည်။ရေးချင်၍ရေးသူ ရှိသလို၊ရေးရန်လိုအပ်၍ ရေးသူများလည်း ရှိမည် ဖြစ်သည်။သူတို့ ရေးလျှင် ကျွန်တော်က ဖတ်မည်သာ ဖြစ်သည်။ စာရေးသူသည် စာများများဖတ်ရန် လိုသည်ဟု ဆိုကြသဖြင့် စားများများဖတ်ထားသူများ စာရေးသင့်သည်ဟု ဆိုလျှင် ညီမျှခြင်းချကြည့်၍ မှန်မည် မဟုတ်ပေ။စာရေးရန် လက်ချောင်းကလေးများ မရှိသော်လည်း ရေးချင်သူအဖို့မှာ ခြေချောင်းများဖြင့် အားထုတ်ရှာသည်။ မျက်စိမမြင် သော်လည်း ဖောင်းကြွ သင်္ကေတဖြင့် ရေးကြပြန်သည်။ စာရေးလိုစိတ် ပြင်းပြခြင်းကို အံ့သြမိသည်။မိမိစာကို ဖတ်သည်ဖြစ်စေ ၊ မဖတ်သည် ဖြစ်စေ နေ့စဉ်ရေးသားနေကြသူများ ရှိကြသေးသည်။ မနေနိုင်၍ ပဲ ရေးရေး ၊ ရေးချင်၍ပဲ ရေးရေး...