Monday, February 14, 2011

ပညတ်ချက်တွေထဲက ၁၄ရက်နေ့




လူမိုက်တွေမွေးဖွားလာခဲ့တဲ့နေ့။
သူတော်ကောင်းတွေ သွေးမြေကျတဲ့နေ့။

လိင်ကွဲတွေ တိတ်တခိုးပေါင်းဖက်တဲ့နေ့။
စာချုပ်မလို မဟုတ်တာ အကုန်လုပ်တဲ့နေ့။

မုန်တိုင်းတွေထန်ခဲ့ဖူးတယ်၊ စုန်ရေတွေ ဆန်ခဲ့ဖူးတယ်။
ထောင်ကလွတ်တဲ့သူတွေရဲ့နေ့၊ ထောင်ထဲဝင်သူတွေရဲ့နေ့။
အိမ်ထောင်ကျတဲ့နေ့၊ အိမ်ထောင်ကွဲတဲ့နေ့။
ဘဏ်ဓါးပြတိုက်တဲ့နေ့၊ စိန်တုံးအခိုးခံရတဲ့နေ့။
အဖမ်းခံရတဲ့နေ့၊ ထောင်ဖေါက်ပြေးတဲ့နေ့။
ရဟန်းဝတ်တဲ့နေ၊ ရှင်လိင်ပြန်တဲ့နေ့။
အမေသေတဲ့နေ့၊ ညီမလေးစော်ကားခံရတဲ့နေ့။
- - - - - - - - - - - နေ့။
- - - - - - - - - - - နေ့။
- - - - - - - - - - - နေ့။
ထူးခြားချက်တွေ ရောပြွန်းနေတဲ့ ဘာမှ မထူးဆန်းတဲ့နေ့
ဒါကိုများ မနေ့က အစားတွေပဲပြန်စားပြီး အထူးအဆန်းလုပ်လို့။
အောက်ဆီဂျင်တွေ ထုတ်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် စားတဲ့အပင်တွေတောင် ညင်သာနေတယ်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်ပြီး ၊ အောက်ဆီဂျင်ရှူတဲ့လူတွေကများ
အထူးအဆန်းလုပ်လို့ မူးရူးနေလိုက်ကြတာ
တဏှာမျက်လုံးတွေ ရာဂမီးဝင်းဝင်းတောက်လို့။
ပိုက်ဆံတွေ မီးရှို့ပြီး ၊သွားမည်းစေတဲ့ အစားတွေစားတာများ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့။


အင်္ဂါဟူး (၁၄.၂.၂၀၁၁)

ဓါတ်ပုံကို ဂူးဂဲလ် ကနေ ယူပါသည်။

5 comments:

ကိုဇော် said...

အနံ့မဲ့တဲ့ ပန်းလှလှလေးတွေကိုလည်း ခါးမှာ ကြိုးစည်းပြီး တစ်ယောက်နဲ့ တစ်ယောက် ပေးနေသေးတယ်လေ။
( သရော်ကဗျာလေး ရေးမလို့ အခုတော့ မရေးတော့ပါဘူး။ အားပေးပါတယ်။ )

Anonymous said...

သြော်...သူများပျော်လို့ မပျော်နိုင်ချောကလက်မစားရလို့ မှိုင်...ကျနားလိုက်တာ...မမနိုင်းနိုင်းစနေရဲ့ဘလော့ကိုဖတ်လိုက်...ချောကလက်ရဲ့အရသာပိုပေါ်လွင်သွားမယ်....နင်မကြိုက်ဘူးဆိုရင်တော့..သူနဲ့ အရသာတူတဲ့ထန်းလျက်ခဲစား...ငါအဲ့ဒါလည်းကြိုက်တာပဲဟိဟိဟ

ဆူးသစ် said...

အိမ်ထောင်ကျပြီးရင်တော့လည်း လတ်ဆတ်ပါတော့မလားလို့စဉ်းစားကြည့်စေချင်တယ်။ ကဗျာတော့ကြိုက်တယ်ဗျာ။ ကျွန်တော်တောင်ဒီနေ့ မိန်းမကို အပြင်မှာ ထမင်းလိုက်ကျွေးရဦးမယ်။

သူကြီးမင်း (တုံးဖလား) said...

ိကောင်းလိုက်တဲ့ ကဗျာလေး။
ရင်ထဲက ပေါက်ဖွားလာတဲ့ ကဗျာလေးမို့ထင်ပါ့။ အသက်ဝင်တယ်။ အဲဒီနေ့မှာ အဲဒီလိုတွေ ဖြစ်ကြဖို့ သတ်မှတ်ထားခဲ့သလိုပါဘဲလား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေဘုန်း(စေတနာပန်းခင်း) said...

ကောင်းလိုက်တဲ့ ဆန့်ကျင်ဘက် ဒဿနလေးတွေ “အမေသေတဲ့နေ့၊ ညီမလေးစော်ကားခံရတဲ့နေ့။” ဒါလေးကတော့ တစ်ကယ်မဖြစ်ခဲ့ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။ ၀ါသနာတူတဲ့အတွက် တွေ့၇တာ ၀မ်းသာပါတယ်။ နှစ်ယောက်ပေါင်းလိုက်ရင် စာကြည့်ကောင်း တစ်ခုရမယ်ထင်နော်၊ ဒါပေမယ့် မပေါင်းပဲ တစ်ယောက်လိုအပ်တာ တစ်ယောက်ဖြည့်လိုက်ရင်တော့ လောကကြိးကို တော်တော်လေး ဖြည့်ဆည်းနိုင်မယ်နော်။ စေတနာပန်းခင်းအ ပေါ်ထားတဲ့ စေတနာလေးကို သိမ်းထားပါမယ်။ အေးချမ်းပါစေ။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More