Thursday, February 24, 2011

မဟူရာ အလှူရှင်

ငါတို့က မရှိလို့မလှူ မလှူလို့မရှိတာတွေကိုလက်မခံပါဘူးလို့ တွင်တွင်ပြောငါတို့က ရှိလို့လှူ လှူလို့ ရှိတဲ့ အမျိုးတွေပါလို့အားလုံးကြားအောင် အော်အော်ပြော။သိပါတယ်လှူလွန်းတာက ၊ ခန္ဓာတွေပါ စွန့်ရက်တယ်မုန့်သာဝေစားတာ မဟုတ်ဘူး၊ ကာမတွေပါ ဝေစားတာလက်ဦးသူသေရင် နောက်တစ်ယောက်ကိုလှူ။အိုဘယ့် အလှူ့ရှင်မအလှူရှင် ရှိပြီးသား ရာဂသားကိုအပျိုစင်သမီးများ ထပ်ခါလှူမအိုရင် ကောင်းကင်မှာ နေရာမရလို့တဲ့။ကိုယ်ရေပြားရောဂါ မရှိပဲနဲ့များ တစ်ကိုယ်လုံးမဲမှောင်လို့ဝတ်စလစ်စလစ် နေခဲ့တာ သိသာလျက်နဲ့ ဖုံးနိုင်လွန်းတယ်။အမြင်မှန်မရသေးတဲ့ မျက်လုံးတွေကိုပါဇာပုဝါကာထားသေးရဲ့။နူနာ မရှိတဲ့ လက်တွေကို ရှိသယောင်အစွပ်တွေဝတ်ပြီးယားနာရှိတဲ့ ခြေထောက်တွေမှာ ခြေအိတ်အပြည့်။အမှောင်အသိဥာဏ်ကို မဟူရာ ၀တ်ရုံလွှမ်းပါလို့ငါတို့သာ...

Tuesday, February 22, 2011

ဒေ၀တာမြို့တော်

ဒေ၀တာမြို့တော်(ပြီးခဲ့သော ဇတ်လမ်းအကျဉ်း) စာပေနှင့်ရုပ်ရှင်နယ်တွင် ခြေရှုပ်နေသော မျောက်ညီနောင် လေးဖော်မှ အငယ်ဆုံးကောင် မျောက်လူသည် စာပေလောကသားများကို ဇတ်ကောင်လုပ်၍ “စာပေကြော်ငြာ စတိတ်ရှိုးပွဲတော်” ဆိုသော ၀တ္တုတစ်ပုဒ်ကို ရေးလိုက်ရာ ဇတ်လမ်းထဲတွင် ပါဝင်သော စာရေးဆရာအချို့က မကျေနပ်သဖြင့် လေထန်ဖုံးတရားရုံးတွင် တရားစွဲဆိုကြ၏။ သုခမိန်ကြီးပေါင်စိန်က အပြစ်ထင်ရှားသည်ဆိုပြီး မျောက်လူကို လိပ်ခေါင်းဓါးစက်ဖြင့် လက်ဖြတ်ပစ်ရန် အမိန့်ချမှတ်သည်။ ဦးရီးတော် ပ၀မ်ကွေးနှင့် ပညာရှိအမတ်ကြီး ဘိုးဘိုးကြပ်တို့က မေတ္တာရပ်ခံသဖြင့် အူမတက်မချင်း ကလိထိုးကြရန် ပြောင်းလဲအမိန့်ချသည်။ စာရေးဆရာများလည်း မျောက်လူကို ၀ိုင်း၍ ကလိထိုးကြရာ ရယ်ရလွန်းသဖြင့် အူတက်ပြီး သတိလစ် သွားလေ၏။     ...

Monday, February 14, 2011

ပညတ်ချက်တွေထဲက ၁၄ရက်နေ့

Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More