Saturday, January 8, 2011

တိတ်တိတ် ဆွေး.....


အမှတ်မထင် ဆုံတွေ့တာ
တစ်ကယ်တော့ ခဏတာလေးပါပဲ။
မြင်ခဏအတွေ့မှာ ဘ၀တစ်ကွေ့မမေ့နိုင်တာမို့။

သူက တစ်ဌာနေ ကိုယ်က တစ်ရွာတစ်ပြည်
ဝေးလို့နေလဲ ဆွေးနေဆဲမို့
မြင်စမ်းစေချင် ဒီရင်ခွင်။

ဖွင့်ပြောရင် မျက်ကွယ်ပြုမှာမို့
အမြစ်မတွယ်ခင် ပစ်ပယ်လိုက်ပါမယ့်
တစ်ကယ်ပါ ဝေးရာမှာ ဆွေးပါရစေ။

ပိုင်ဆိုင်သူ ဦးထားတဲ့နှလုံးသားကိုမှ
အနိုင်မယူချင် သမုဒယနဲ့အချစ်တွေက
အမြစ်မတွယ်ခင် ဝေးပါရစေတော့။

အဖြူရောင်နဲ့ စည်းခြားတဲ့ နှလုံးသားကို
ကျော်ချင်သူ ဒီမောင်ကိုသာ
အချစ်ဒဏ် သင့်တော့မှာပေါ့။

အချစ်ရဲ့ လောင်ကျွမ်းမှုနဲ့
အလွမ်းရဲ့ ပူဆွေးမှုယှဉ်လာခဲ့ရင်
အလွမ်းတွေကို ခုံမင်တတ်ခဲ့သူမို့။

ဒီတစ်ညတော့ ကွန်ပျူတာလေးပိတ်
တိတ်တိတ်သာ ဆွေးပါရစေတော့....။


(8.1.2010)အင်္ဂါဟူး

6 comments:

မောင်မျိုး said...

ထွက်လာပြီး ရင်တွင်းညှစ်တွေ

ညှစ်ထုတ်လိုက် သယ်ရင်းး


(အမေတုန်းကလည်း ဒီလိုပါပဲ သမီးရယ် )

အုပ်ကြီး said...

"..အချစ်ရဲ့ လောင်ကျွမ်းမှုနဲ့
အလွမ်းရဲ့ ပူဆွေးမှုယှဉ်လာခဲ့ရင်
အလွမ်းတွေကို ခုံမင်တတ်ခဲ့သူမို့  ..."

ကဲ..အစကတည်းက ပိုင်အောင်လုပ်ပါလို့  ..:)

sosegado said...

ကွန်ပြူတာပိတ်ဆွေးရတယ်လို့

Anonymous said...

နင်တောင် အ၀ှာပုတတ်နေပြီပဲ..
အင်း...သူလဲ ဘာသားနဲ့ ထုထားတဲ့ သစ်အိုပင်ကြီးမှတ်လို့

ကိုဇော် said...

အင်း . .
မြင့်လွန်းတော့ လိုက်မမှီဘူးကွယ်။
ကဗျာလေးကို ကုလားမခြေထောက်နဲ့ ဖတ်သွားပါကြောင်း။

ahphyulay said...

အင်း...
ဟပ်ထိသွားတယ်လေ၊
ဒီနေရာမှာ...
ပိုင်ဆိုင်သူ ဦးထားတဲ့နှလုံးသားကိုမှ
အနိုင်မယူချင် သမုဒယနဲ့အချစ်တွေက
အမြစ်မတွယ်ခင် ဝေးပါရစေတော့။

Post a Comment

ဒီကနေ့ ဘွဲ့ရပြီး မနက်ဖြန် စာမဖတ်လျှင် သန်ဘက်ခါ စာမတတ်ဖြစ်သွားမည်။

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More