ခေတ်ရေစီးကြောင်းဆိုတာ တစ်ချိန်တည်းတစ်နေရာတည်း ရပ်တည်မနေဘူး။အမြဲမပြတ် စီးဆင်းနေတဲ့ စာပေဆိုတာကလည်းခေတ်၏ ရောင်ပြန်ဟပ်ခြင်းမျိုးဖြစ်တဲ့အတွက်ပုတ်သင်ညိုအရောင်ပြောင်းသလို၊ခေတ်ပြောင်းသလို အရောင်လိုက်ပြောင်းနေတယ်။
ပါရဂူ ၏
အံ့ဘွယ်ဇင်သို့
“အံ့ဘွယ်ဇင်” ဆိုတဲ့မင်းနာမည်ကို ဘယ်သူပေးတာလဲ။ မင်းအဖေကပေးတာလား မင်းအမေက ပေးတာလား။ “ အံ့ဘယ်ဇင်” ဆိုတဲ့နာမည်ကို ကြားလိုက်ရုံနှင့် မင်းအဖေပေးတဲ့နာမည်ဆိုတာ သိသာထင်ရှားနေတယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းအဖေက ကဗျာဆရာတစ်ယောက်ဖြစ်နေတယ် မဟုတ်လား။ ကဗျာဆရာ၊ စာရေးဆရာများဟာ စိတ်ကူးယဉ်တတ်ကြတယ်။ ကိုယ့်သားသမီးများကိုလည်း နာမည်လှလှလေး ပေးတတ်ကြတယ်။ ဒါပေမယ့် ယခုခေတ် တချို့မိန်းကလေးများ မှည့်ခေါ်ထားကြတဲ့ စကားလုံး လေးငါးလုံး တွဲပြီးမှည့်ခေါ်တဲ့ နာမည်မျိုးကိုတော့ ကဗျာဆရာများ၊ စာရေးဆရာများက သူတို့သားသမီးများကို မှည့်ခေါ်ကြမှာ မဟုတ်ဘူး။
အစဉ်အဆက်က စပြီး မကြားရဖူးတဲ့၊ မြန်မာမဆန်တဲ့ အနက်အဓိပ္ပါယ်လည်း...