လမ်းမှန်...လမ်းမှန်....ယုံကြည်ပါ ယုံကြပါတစ်စာစာ အော်နေသံကိုက မျက်ကန်း အရူးတစ်ယောက်နှယ်အားပြတ်လူနာ အမဲခြောက်ဖုတ်နံ့ ရတဲ့ပမာဖောက်သည်ရှာတဲ့ ညဥ့်ငှက်လို ပြီတီတီ။
ယုံနော်....ငါ့ကိုယုံကြ၊ ဘာ....မယုံဘူးဟုတ်လားငါ့ကိုမယုံရင် မင်းကိုရော ကျန်သူတွေပါ ထာဝရငရဲမှာအမှောင်ကမ္ဘာထဲမှာ ညှင်းဆဲခံရမယ်ကွ။တစ်ကယ်ပါ မီးမလောင်ပဲ သားကောင်ချနင်းရက်ပုံကကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေသလိုတစ်ကယ်ဆို ငတက်ပြား နဲ့ ဗိုလ်အောင်ဒင်ကိုသာ အလေးပြုမိမှာဒင်းကိုတော့ ဘယ်တော့မှ မသဒ္ဓါ။
အရှင်လို့ အမည်ခံချင်မှတော့ သေသူလို မနေနဲ့လေကမ္ဘာမြေကို တစ်ချက်လောက် ငုံ့ကြည့်ပါဦးအပျိုဖော်ဝင်ရင် စပ်ယှက်လို့ရနေတဲ့ အယူအဆတွေကျွေးနိုင်သလောက် ယူထားတဲ့ ရာဂအမှောင်တွေအပြစ်မဲ့သူသေ၊ အိုးအိမ်ကြွေ၊ အကြမ်းဖက်မှုတွေငါနဲ့မတူ ငါ့ရန်သူတွေအမိန့်နာခံတဲ့ အယူအောက်က လက်တစ်လုံးခြားလှည့်ဖျားမှုတွေနာရီမလပ်တဲ့ မုဒိမ်းမှုတွေအစာငတ်နေတဲ့ လူမျိုးစုတွေ။
မွန်းကြပ်နေတဲ့ ကမ္ဘာမြေစစ်ဒဏ်သင့်နေတဲ့...