Monday, February 6, 2012

“အရောင်နှင့်တကွ မုသားများ”

              သူတို့လိမ်နေကြတယ်...ခေါင်းစဉ်က “ မင်းစိတ်ချမ်းသာဖို့အတွက်” တဲ့.... ။ သူတို့ လိမ်နေကြတယ်...မုသား အနီတွေ ပါတယ်...။ သူတို့ လိမ်နေကြတယ်...မုသား အနက်တွေ ပါတယ်...။ သူတို့ တိုင်ပင်မထားပဲ အတူလိမ်ကြတယ်...။ သူတို့ တစ်ယောက်တစ်မျိုး လိမ်နေကြတယ်...။ သူတို့ ပြောတော့ ငါ့စိတ်မဆင်းရဲဖို့အတွက်...။ သူတို့ ငါ့အပေါ်စေတနာ ထားကြတာပဲ...။ သူတို့ စေတနာကိုလေးစားလို့ ငါ့ဘ၀ကို ရင်းပြီးယုံလိုက်တယ်...။ ဘယ်တော့မှ ငါ့မျက်လုံးပြန်မဖွင့်တော့ဘူး။ အင်္ဂါဟူး 6.2.2012 Monday 6:19 PM...

Tuesday, October 11, 2011

ဘုရားသခင်ရဲ့ ကျွန်

အောင်မြင်မှု ပျော်ရွှင်မှု၊ ချမ်းသာသုခ နဲ့ ငြိမ်းချမ်းသာယာ မှုကို ကိုယ်တိုင်တည်ဆောက်ရတယ်။ ဆုံးရှုံးမှု ပရိဒေ၀ နဲ့ ဆင်းရဲမှု ၊ ရောဂါဘယ နဲ့ ဒုက္ခ အပေါင်းကို ရွေးချယ်ခွင့်မရှိပဲ လက်ခံလိုက်ရတယ်။ အင်္ဂါဟူး 10 PM (11.10.11)...

Friday, August 26, 2011

ပြည်ကြီးတန်ဆာ

ဒီမြေပေါ်က ဒီရေ..... ငါတို့သောက်ခဲ့ကြတာပါ ၊ ငါ့တို့ အသက်တွေ ငါတို့အသွေးတွေ ဒီရေ နဲ့ ဆက်ခဲ့တာပါ မြစ်ဧရာဟာ ငါတို့အားလုံးရဲ့ သွေးသားပါ သူတို့(လူတစ်စု)အားလုံးရဲ့ အသက်သွေးပါ။ ဒီရေဟာ ငါတို့သွေးသား ၊ ဒီမြေဟာ ငါတို့သွေးသား ဇတ်တူစား မစားသင့်တာ လူမှန်သမျှ သိကြတာပါ ငါတို့သွေးကို ငါ့တို့မသောက် ရက်ပါဘူး ငတ်ရင်တောင် ကိုယ့်ပေါင်ကိုယ် လှီးစားလို့မှ အာဟာရမဖြစ်တာကို။ စားစရာ ၀ လို့ ထားစရာ မဆန့်သူတွေက လောဘတွေ အာသာငမ်းငမ်းနဲ့ ရက်စက်မှုအပေါင်းကို သရဖူ ဆောင်းနိုင်ဖို့ ယုတ်မာမှု မကိုဋ်ကို ဆင်မြန်းနိုင်ဖို့ ကောက်ကျစ်မှု ခြုံထည်လွှာ ခြုံလွှမ်းနိုင်ဖို့။ သွေးသားကိုရောင်းစား ရက်လေသလား တစ်ကယ်တော့ ခန္ဓာကို ရင်းတဲ့သူတွေတောင် နေ့တဓူဝ ၀မ်းစာနဲ့ မိသားစုဝမ်းရေးမို့ ရင်းရတာပါ ။ နှိုင်းစရာရှားပေမယ့်...

Thursday, August 18, 2011

အန္ဓတစ်ယောက်ရဲ့ သွေးပျက်ည အတွေး

လမ်းမှန်...လမ်းမှန်....ယုံကြည်ပါ ယုံကြပါတစ်စာစာ အော်နေသံကိုက မျက်ကန်း အရူးတစ်ယောက်နှယ်အားပြတ်လူနာ အမဲခြောက်ဖုတ်နံ့ ရတဲ့ပမာဖောက်သည်ရှာတဲ့ ညဥ့်ငှက်လို ပြီတီတီ။ ယုံနော်....ငါ့ကိုယုံကြ၊ ဘာ....မယုံဘူးဟုတ်လားငါ့ကိုမယုံရင် မင်းကိုရော ကျန်သူတွေပါ ထာဝရငရဲမှာအမှောင်ကမ္ဘာထဲမှာ ညှင်းဆဲခံရမယ်ကွ။တစ်ကယ်ပါ မီးမလောင်ပဲ သားကောင်ချနင်းရက်ပုံကကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေသလိုတစ်ကယ်ဆို ငတက်ပြား နဲ့ ဗိုလ်အောင်ဒင်ကိုသာ အလေးပြုမိမှာဒင်းကိုတော့ ဘယ်တော့မှ မသဒ္ဓါ။ အရှင်လို့ အမည်ခံချင်မှတော့ သေသူလို မနေနဲ့လေကမ္ဘာမြေကို တစ်ချက်လောက် ငုံ့ကြည့်ပါဦးအပျိုဖော်ဝင်ရင် စပ်ယှက်လို့ရနေတဲ့ အယူအဆတွေကျွေးနိုင်သလောက် ယူထားတဲ့ ရာဂအမှောင်တွေအပြစ်မဲ့သူသေ၊ အိုးအိမ်ကြွေ၊ အကြမ်းဖက်မှုတွေငါနဲ့မတူ ငါ့ရန်သူတွေအမိန့်နာခံတဲ့ အယူအောက်က လက်တစ်လုံးခြားလှည့်ဖျားမှုတွေနာရီမလပ်တဲ့ မုဒိမ်းမှုတွေအစာငတ်နေတဲ့ လူမျိုးစုတွေ။ မွန်းကြပ်နေတဲ့ ကမ္ဘာမြေစစ်ဒဏ်သင့်နေတဲ့...

Saturday, July 9, 2011

စာရေးပျင်း အနုပညာ (သို့) ကျွန်တော် စာမရေးရခြင်း အကြောင်း

စာဖတ်နိုင်ကြသူများထဲတွင် စာရေးသူများအနည်းငယ်တွေ့ရသည်။ သူတို့ ဘာကြောင့် စာရေးခြင်းကို ကျွန်တော် မသိရပေမယ့် စာရေးသူအနည်းငယ်မျှသာ စာဖတ်နိုင်ကြသူများထဲမှ ပေါ်ထွက်လာခြင်းကို ကြည့်ခြင်းဖြင့် စာရေးရန် အတွက် လုံလောက်သော အားထုတ်မှု လိုအပ်သည်ကို သိရှိနိုင်သည်ဖြစ်သည်။ရေးချင်၍ရေးသူ ရှိသလို၊ရေးရန်လိုအပ်၍ ရေးသူများလည်း ရှိမည် ဖြစ်သည်။သူတို့ ရေးလျှင် ကျွန်တော်က ဖတ်မည်သာ ဖြစ်သည်။ စာရေးသူသည် စာများများဖတ်ရန် လိုသည်ဟု ဆိုကြသဖြင့် စားများများဖတ်ထားသူများ စာရေးသင့်သည်ဟု ဆိုလျှင် ညီမျှခြင်းချကြည့်၍ မှန်မည် မဟုတ်ပေ။စာရေးရန် လက်ချောင်းကလေးများ မရှိသော်လည်း ရေးချင်သူအဖို့မှာ ခြေချောင်းများဖြင့် အားထုတ်ရှာသည်။ မျက်စိမမြင် သော်လည်း ဖောင်းကြွ သင်္ကေတဖြင့် ရေးကြပြန်သည်။ စာရေးလိုစိတ် ပြင်းပြခြင်းကို အံ့သြမိသည်။မိမိစာကို ဖတ်သည်ဖြစ်စေ ၊ မဖတ်သည် ဖြစ်စေ နေ့စဉ်ရေးသားနေကြသူများ ရှိကြသေးသည်။ မနေနိုင်၍ ပဲ ရေးရေး ၊ ရေးချင်၍ပဲ ရေးရေး...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More