Thursday, May 26, 2011

ပြောမဆုံး မောမဆုံး ဘောလုံး....ဘောလုံး

ရှောမနိပ်ဥုက်က ဘောသမားကြီးပါ။ ငယ်စဉ်ကများဆိုရင် ဘောဆိုလာထား ကန်ပြီးသားဆိုသလို တွေ့သမျှဘော အကုန်ကန်ခဲ့တာ။ ရာဘာဘောလုံး ကော်ဘောလုံးဆိုတာတင်မက ကလေးဆော့တဲ့ ပူစီဖောင်း မကျန် ကန်ခဲ့တဲ့ ဘောသမားအစစ်ကြီးဗျ။ ခု...အသက်လေးက ရလာပြီဆိုတော့ ဘောကိုခြေထောက်နဲ့ မကန်ဖြစ်တော့ဘူး။ ခြေထောက်နဲ့မကန် ဘာနဲ့ကန်သတုန်းဆိုတော့ မျက်လုံးနဲ့ ကန်နေသဗျ။ ဟဲဟဲ .....မျက်လုံးနဲ့ ကန်တယ်ဆိုသဟာက ဘောပွဲကြည့်တာကို ဆိုလိုတာပါ။ အင်္ဂလိပ် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီ စီးရီးအေ၊ ဂျာမန်ဘွန်းဒက်လီဂါ၊ မြန်မာအမ်အက်ဖ်အက်ဖ် ပါမကျန် မျက်လုံးနဲ့ လိုက်ကန်ဖြစ်နေတာပါပဲ။ အဲသလို အကန်ဘယ်လောက်များခဲ့သလဲဆို ကိုယ့်ဆွေမျိုး နာမည်သာ မေ့ချင်မေ့မယ်၊ ဟိုကောင်တွေ ကျတော့ ဖန်သားပြင်မှာ ယင်ကောင်အရွယ် အစားလေး မြင်ရင်တောင် ပီတာခရော့၊ တော့တီ အလွန်ဆို အိုဆေးဆိုပြီး ဘိုင်ဟတ်ပြောနိုင်သဗျ။ ၂၀၁၀ ကမ္ဘာ့ဖလားကြီး တောင်အာဖရိကမှာဖြစ်တော့ လက်ဟောင်းဘောသမားကြီး ရှောမနိပ်ဥုက်...

Monday, May 23, 2011

မိန်းမနှစ်ယောက်

အိမ်ထဲမှာနေ၊ တောင်းတဲ့အချိန်ပေးသစ္စာအရောင်နဲ့ ဝေးနေတဲ့ ဖျော်ဖြေခံ သက်ရှိရုပ်ကပုဝါကိုခွာ သစ္စာကိုရှာ၊တစ်ဆယ့်လေးနှစ်သမီးက အိမ်ထောင်ကိုထိန်းဖို့ခက်တယ်လို့ကျမ်းကိုမျက်ကွယ်ပြု အမှန်တရားကိုရှာဖွေနေမှုပြုတယ်။ မိစ္ဆာရဲ့ မယားလုပ် အ၀ိဇ္ဇာတရားမပြုတ်တဲ့ မာတုဂါမသစ္စာတရားကိုမျက်ကွယ်ပြုပုံများ ဆင်ကန်းတွေ တောတိုးသလိုအမှောင်ကမ္ဘာကို သွားဖို့များ ပုံတော်ကို ချနင်းရက်တာကိုယ့်မှာ အံ့သြလို့မဆုံး။  သံသရာကိုမကြောက်လို့ တစ်ဘ၀ကို ရင်းရက်တာများ ကိုယ်ကတစ်ဖက်သားကို ဒေါမနဿတွေပွားလို့အရင်းစစ်တော့အမြစ်မြေက ကိုယ့်ဘက်က တာကျိုးတာကိုယ်ညံ့လို့ကိုယ်ခံရတာ၊ သူတို့မှာဆို အဲလိုမြင်ရဖို့ခဲယဉ်းလိုက်တာ။ အင်္ဂါဟူး (23.5.11)...

Tuesday, May 10, 2011

ဘလော့ဂ်ရေးသူများသို့စာလေးတစောင် - နုနုရည်(အင်းဝ)

...

Pages 121234 »

စာချစ်သူ ဘော်ဘော်တွေနဲ့ ကျွန်တော့်အတွက် ဆက်သွယ်မှု ဧရိယာ ငယ်လေးပါ။

တည်ဆောက်တဲ့ နှစ် ၂၀၀၈။ အသက်သွင်းတယ် ၂၀၁၀

free counters

ထိပ်ဆုံးသို့

Twitter Delicious Facebook Digg Stumbleupon Favorites More